ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာမှ အမျိုးသမီးတဦး ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သားမိ ၂ ဦးမှာ ဒီနေ့မနက် အလယ်သံကျော်ကျေးရွာအုပ်စု ကံဘူးကျေးရွာအနီးချောင်း ဂဏန်ဘူး ထောင်ဖို့ သွားရောက်ကြ စဥ်မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်ခံရကာ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ရတာပါ။
ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးက “ဟုတ်ပါတယ်။ သူတို့ သားအမိ ၂ ဦးက ကဏန်းဘူးထောင်ဖို့ အလယ်သံကျော် ကံဘူးကျေးရွာက ချောင်းနားမှာ မိုးကြိုးပစ်ခံလိုက်ရတာ။ သမီးကတော့ ဘာမှဖြစ်မသွားဘူး” လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသူမှာ ဥဒေါင်းကျေးရွာမှ ဒေါ်နုစန္ဒာ (အသက် ၄၉ နှစ်) ဖြစ်ပြီး သားသမီး ၄ ဦးကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးမူအား အလယ်သံကျော်နယ်မြေစခန်းမှာ သေမူသေခင်းနဲ့ အမှုဖွင့်ထားပြီး သေဆုံးသူအလောင်းကို မောင်တောပြည်သူ့ဆေးရုံကို ဆေးစစ်ဖို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။