Home
မြန်မာသတင်း
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားတဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
July 18, 2022
293443452_162459096358795_680973037040968553_n

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတဦး ဇူလိုင် ၁၀ ရက်မှာ CDM လုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-မတူပီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မတူပီမြို့နယ်အခြေစိုက် ခမရ- ၃၀၄ တပ်ရင်းက ကိုယ်ပိုင်အမှတ် တ/၅၀၀၉၂ က တပ်သား ဖြိုးဝေဦးဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ဇူလိုင် ၁၀ ရက်မှာ CDM ပြုလုပ်ပြီး CDF-မတူပီကနေတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ လွတ်မြောက်နယ် မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ် သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024