Home
မြန်မာသတင်း
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား
DVB
·
July 17, 2022
293115006_608704430677031_6712687487336671373_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ အနီးမှာ ဒီနေ့မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“ဆယ်ဇင်းနားလေးက ကျောက်ပုံရွာနားမှာဖြစ်နေတာ မနေ့ကတည်းကဖြစ်နေတာ၊ ဒီနေ့ တိုက်လေယာဉ်နဲ့ပါ လာတိုက်တယ်။ အဲ့တိုက်ပွဲနဲ့နီးတဲ့သူတွေပြောတာတော့ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ် " လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပေမယ့် ဒီဗွိဘီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဆယ်ဇင်းကျေးရွာဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး နယ်နိမိတ် ချင်းထိစပ်နေတဲ့ နေရာဖြစ်ပြီး ရွှေနဲ့ ကျောက်စိမ်းတူဖော်ရေးလုပ်ကိုင်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သွားလာလှုပ်ရှားရာ နယ်မြေဖြစ်ပြီး မူးယစ်ဆေးဝါးပေါများရာ ဒေသဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဟောင်ပါး၊ ဖားကန့် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီနေ့ ဆယ်ဇင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ပိတ်မိနေပြီး အကျအဆုံးများတာကြောင့် လေယာဉ်ပစ်ကူနဲ့ လာရောက်ဗုံးကြဲတာ ဗုံးပေါက်ကွဲသံ ၃ ချက်‌လောက်ကြားတယ်လို့ ဒေသတွင်းနေထိုင်သူတွေက ပြောဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024