Home
မြန်မာသတင်း
အိန္ဒိယထုတ် ခါးချိုးသေနတ် ရရှိရေး ကလေး PDF အလှူခံ
DVB
·
July 17, 2022
293270771_568316024937071_414464450036637290_n

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်း- ၁ က တိုက်ပွဲတွင်းအသုံးပြုနိုင်ဖို့ အိန္ဒိယထုတ် ခါးချိူး သေနတ်ရရှိရေး  အလှူခံ Project တခုကို ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

project ကို ဇူလိုင် ၅ ရက်ကနေ ၂၀ ရက် အထိ  challenge ပြုလုပ်သွားမှာဖြစ်ပြီး project ပြုလုပ်တာ ရက်တဝက်ကျော်တဲ့အထိ အလှူငွေက နည်းပါးနေတာမို့ project ပြည့်မီရေး ကူညီပေးကြဖို့လည်း  ကလေး PDF တပ်ရင်း ၁  တာဝန်ခံက ပြောပါတယ်။

"တလက်ကို ၁၈ သိန်း ကျပါမယ်။ ၁၅  ရက်အတွင်း ပြည်သူများပါဝင်ကူညီပေးသော Amount နဲ့ ရသလောက် ဝယ်ယူတပ်ဆင်ပေးမှာ ဖြစ်ပါတယ်။"

အဲဒီအိန္ဒိယထုတ် ခါးချိုးသေနတ်ဟာ အခု တိုက်ပွဲဝင်နေတဲ့ ခါးချိုးသေနတ်ထက် တိုက်ပွဲများများ တိုက်နိုင်တာကြောင့် ပါဝင်ကူညီ‌စေချင်တယ်လို့ ဆိုပါတယ်။

လတ်တလော ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေဖို့ကိုလည်း ကလေး PDF က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024