Home
မြန်မာသတင်း
ကလေးမြို့နယ် ကင်မွန်းခြုံရွာပေါ် လက်နက်ကြီးကျ၊ ဒေသခံ ၁ ဦး ဒဏ်ရာရ
DVB
·
July 16, 2022
292489597_567206441714696_3152201611262303643_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကင်မွန်းခြုံရွာပေါ်  ဇူလိုင် ၁၄ ရက်ညက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေထိခိုက်ပျက်စီးကာ ဒေသခံအမျိုးသမီး တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ည ၉ နာရီခွဲက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကလေးမြို့တွင်းကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ၁၂၀ (မမ) လက်နက်ကြီးကျည်မှာ ကင်မွန်းခြုံကျေးရွာ မြောက်ပိုင်းက နေအိမ် ၂ လုံးကြား ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်အတွင်း အိပ်ပျော်နေတဲ့ အသက် ၄၀ ကျော် အရွယ် အမျိုးသမီး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ရွာမှာ ဆရာဝန် မရှိတာ ဆေးဝါးအခက်အခဲရှိနေတာကြောင့်  ဇူလိုင် ၁၅ ရက်မနက်မှာ တခြားရွာ ကို ဆေးကုသဖို့ ပို့ပေးခဲ့တာကြောင့် ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံက ပြောပါတယ်။

ကျေးရွာတွင်းနဲ့ ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မိုးသည်းထန်စွာရွာသွန်းနေချိန် စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံကျေးရွာနေ ပြည်သူတွေ ပြေးလွှားနေရကာ အခက်ကြုံနေကြရပါတယ်။

လက်နက်ကြီး ကျရောက်တာကြောင့်  အဲဒီအမျိုးသမီးအပြင် နွားတစ်ကောင်ပါ လက်နက်ကြီး ကျည်ထိမှန်ထားပြီး အခုချိန်ထိ ‌မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေသေး တယ်လို့ ဒေသတွင်း ရင်းမြစ်ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024