Home
မြန်မာသတင်း
မောင်မယ်ရှောင်အနီး အင်အား ၃၀ ခန့်ပါ စစ်ကောင်စီကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 16, 2022
293065529_5058025980990570_7168391701719451742_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်အနီး အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီကား ၁ စီးကို  ဇူလိုင် ၁၄ ရက် မနက် ၆ နာရီခွဲက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Dawei Guerrilla Revolutionary Force – DGRF က ထုတ်ပြန်လိုက်ပါတယ်။

မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားမှ ရေဖြူဘက်ကို မြေတင်ကားအပြည့်နဲ့တက်လာတဲ့ စစ်ကောင်စီကားကို အင်အားပြင်းမိုင်း ၁ လုံးနဲ့ (လက်လုပ်)ဆိုလာပြောင်း ၂ လုံးနဲ့ ရေပြင်ကွေ့အနီး(ဒေသအခေါ် - မောင်မယ်ရှောင်ရွာနဲ့ TU အကြား)ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ဒေသခံ တဦးက “မိုင်းခွဲအသံကြားတာ အတော်ပြင်းတယ်။ သွားကြည့်တဲ့ သူတွေပြောပြတာ မိုင်းပေါက်ကွဲတဲ့ နေရာမှာ မြေတွင်းက ခါးစောင်းလောက်ရှိတယ်” လို့  ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ပေမဲ့ ထိခိုက် ကျဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ဂိတ်ချစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ 

အဆိုပါ လုပ်ဆောင်မှုဟာ DGRF ရဲ့ လုပ်ဆောင်မှုသာဖြစ်ပြီး ပြည်သူတွေနဲ့ လုံးဝသက်ဆိုင်မှု မရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024