အင်းတော်-ဗန်းမောက်ကားလမ်းကို ဇူလိုင် ၇ ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ Indaw Revolution-IR က ဇူလိုင် ၇ရက်မှာ ထုတ်ပြန်ပါတယ်။
"အင်းတော်-ဗန်းမောက်လမ်းပိုင်းက အင်းတော်နဲ့ ဗန်းမောက်ပဲ။ ဘယ်မြို့နယ်မှ မကူးသန်းမ သွားလာရဘူး။ စစ်ရေးအခြေနေက လက်နက်အင်အား ရိက္ခာအင်အားတွေ ဖြည့်တင်းနေတယ်"လို့ Indaw Revolution-IR က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အင်းတော်ကနေ ဗန်းမောက်ဘက်သို့ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်နေတဲ့အပြင် စစ်ရေး တင်းမာနေတာကြောင့် ကုန်တင်ယာဥ်တွေကို အင်းတော်-ဗန်းမောက် ကားလမ်းအသုံးပြုခွင့် ဇူလိုင် ၇ ရက်နေ့မှစပြီး ရက်အကန့်သတ်မရှိ ပိတ်လိုက်တာလို့ Indaw Revolution-IR ကသိရပါတယ်။
အိမ်စီးကားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ပေးကြဖို့ တောင်းဆိုထားပါတယ်။nစည်းကမ်းချက်မလိုက်နာဘဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။