ကယား (ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့ အနောက်ဘက် လွိုင်ကော်-တောင်ငူသွား လမ်းဘေးရှိ ပေ ၄၀ × ၈၀ အကျယ်အဝန်းရှိ မြေကွက်၂ ကွက်ကို ကံစမ်းမဲလုပ် ရောင်းသွားမယ်လို့ Karenni Logistics Tream - KLT က ပြောပါတယ်။
Karenni Logistics Tream - KLT တာဝန်ရှိသူက “မြေကွက် ၁ ကွက်က ကရင်နီအမျိုးသားကွယ်ရေးတပ် တပ်ရင်း-၈ ရဲ့ မြေကွက်နဲ့ နောက်တကွက်က KLT တာဝန်ခံ မြေကွက်ပါ။ မဲတွေရောင်းလို့ကုန်တာနဲ့ တန်းဖောက်ပေးမှာပါ။ ဒီကရလာတဲ့ ငွေကြေးတွေကို တပ်ရင်း-၈ ကို သိန်း ၁၀၀ ထောက်ပံ့ပြီး ကျန်တဲ့ သိန်း ၁၀၀ ကို KLT ထောက်ပို့တပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အတိုတလက်နဲ့ အထွေထွေဘုံစရိတ်အဖြစ် အသုံးပြုသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကံစမ်းမဲလက်မှတ်တစောင်ကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး မဲအစောင်ရေ ၂,၀၀၀ ရောင်းချမယ်လို့ သိရပါတယ်။
Karenni Logistics Tream - KLT မြေကွက်ကံစမ်းမဲတွေ ရောင်းချနေတာ ဒုတိယအကြိမ်ဖြစ်ပြီး ကံစမ်းမဲပေါက်သူကို စာချုပ်စာတန်းနဲ့တကွ တခါတည်း လွှဲအပ်ပေးသွားမယ်လို့ ဆိုပါတယ်။ မြေကွက်ကံစမ်းမဲမှာ ပါဝင်ချင်သူတွေအနေနဲ့ Karenni Logistics Tream - KLT ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။