Home
မြန်မာသတင်း
ဟိုပင်မြို့နယ်တွင် CDM ကျောင်းဆရာအပါအဝင် အမျိုးသား ၄ ဦးအား စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး
DVB
·
July 5, 2022
532272-529453-524521-522259-492327-Mogoke-730x365-1-730x365-1-730x365-1-730x365-8-730x365

ကချင်ပြည်နယ် ဟိုပင်မြို့နယ်က ငါးမိုင်ကျေးရွာမှာ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းက  CDM ကျောင်းဆရာတဦးအပါအဝင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပင်အခြေစိုက် ခလရ (၄၀) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  CDM ကျောင်းဆရာတဦးအပါအဝင် အမျိုးသား ၁ ဦးအား PDF နဲ့ ပတ်သက်တယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“နေ့လယ် ၁ နာရီလောက်က ခလရ ၄၀ က စစ်သား ၈၀ လောက်ရွာထဲဝင်လာပြီး တအိမ်ဝင်တအိမ်ထွက် စစ်ဆေးတယ်။ CDM ကျောင်းဆရာနဲ့ ရွာက အမျိုးသား ၃ ဦးကို PDF နဲ့ ဆက်သွယ်လို့ဆိုပြီး ရိုက်နှက်ဖမ်းခေါ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ CDM ကျောင်းဆရာ ကိုဇော်ထက်အောင်၊ ရွာသား ကိုမျိုးအောင်၊ ကိုမောင်ဇော်နဲ့ အမည်မသိတဦးတို့ဖြစ်ပြီး ကိုဇော်ထက်အောင်ကတော့ ရိုက်နှက်စစ်ဆေးခံရတဲ့ ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

သူတို့ ၄ ဦးအား စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပင်မြို့နယ် တကွင်းကျေးရွာမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က  စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024