Home
မြန်မာသတင်း
ကြံခင်းမြို့နယ်တွင် PDF စခန်း ၁ ခုအသိမ်းခံရပြီးနောက် ဒေသခံ ၄ ဦး ဖမ်းဆီးခံရ
DVB
·
July 4, 2022
291580281_1371709019980104_1494974637052826650_n

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဒေသခံပြည်သူ လေးယောက်ကို PDF  ကူညီထောက်ပံ့ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁ ရက်က ကြံခင်းမြို့နယ်၊  စပါးအိုးကျေးရွာအနီး ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့ PDF စခန်းတစ်ခုကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တနေ့မှာ အခုလို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဒေသခံတဦးက “နောက်နေ့ ညပိုင်းမှာ ရွာကို လာမွှေတာ၊ ရွာထဲကအိမ်တွေအကုန်လိုက်စစ်တာ။ ပြီးတော့ အဲဒီအထဲမှာ သူတို့ စိတ်ထင်တဲ့ လူ လေးယောက်ကို ဖမ်းသွားတာ။ တချို့လူငယ်တွေကတော့ ရွာကနေ ပြေးနေရတယ်”လို့ ပြောပါတယ်။ 

ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ လေးယောက်ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို ရွာထဲကလူငယ်တချို့လည်း အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

PDF စခန်းကို စစ်ကောင်စီတပ်က ဝင်စီးတဲ့ အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို စခန်းသိမ်းပြီး နောက်ပိုင်းမှာတော့ လက်လုပ်သေနတ်တလက်နဲ့အတူ ကျည်မျိုးစုံ၊ လက်လုပ်မိုင်း၊ မီးစက်၊ တွင်ခုံ စတာတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024