Home
မြန်မာသတင်း
ရေဦးမြို့နယ်၌ မီးဘေးနှင့် ပြည်သူများကို ကူညီနိုင်ရန် NUG မီးသတ်တပ်ဖွဲ့ ဖွဲ့စည်း
DVB
·
July 2, 2022
290770961_598358715044936_6862413722990841812_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် မီးဘေးနဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မီးသတ်တပ်ဖွဲ့ကို ဇူလိုင် ၁ ရက်က စတင်ဖွဲ့စည်းလိုက်တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-(ရေဦး ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရေဦး ပကဖ အဖွဲ့ တာဝန်ရှိသူတစ်ဦးက " (စစ်ခ..)တွေ ကျနော်တို့ နယ်ထဲမှာ ထင်သလိုရမ်းကားပြီး မီးရှို့တာကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့် ပြည်သူမှ ပြည်သူတို့ ကူညီနိုင်ဖို့ လိုအပ်တဲ့ (ပကဖ မီးသတ်အဖွဲ့) ဖွဲ့စည်းပြီး သင်ကြားလေ့ကျင့် နေကြတယ်"လို့ပြောပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာလည်း ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာ‌တွေပြုလုပ်လာရင် ကူညီကာ မီးငြှိမ်းသတ်တာ ကယ်ဆယ်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်ဖွဲ့စည်းထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ လက်ရှိကြုံတွေ့နေရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ ဖျက်ဆီးမှုတွေမှာ  မီးငြှိမ်းသတ် ကူညီတာတွေ မပြုလုပ်တော့ဘဲ စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ်နဲ့ ဂိတ်စောင့်၊ ကျောင်းစောင့်၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတဲ့အလုပ် လုပ်နေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024