Home
မြန်မာသတင်း
နယ်စပ်ရောက် ကျောင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများ ပြန်ဝင်ရောက်ရေး မြန်မာနှင့် ထိုင်းစစ်တပ် ဆွေးနွေး
DVB
·
June 30, 2022
thai-myanmar
288602088_1278694819328850_2151551447897585562_n
288445772_3246615058938162_7447154408118374557_n
291068209_598583158360366_3279095298055213800_n

နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနဲ့  နယ်စပ်ရောက် ကျောင်းသားလူငယ်တွေနဲ့  CDMဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်ရေးအတွက် ထိုင်းတပ်မတော်က ကူညီဆောင်ရွက်ပေးဖို့  မြန်မာနဲ့ ထိုင်း စစ်တပ်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်  လက်ခံကျင်းပခဲ့ပြီးနောက်  ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်   ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ ဆုဆတ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၂၉ ရက်က နေပြည်တော်မှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ဆုံခဲ့တာပါ။

တွေ့ဆုံရာမှာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် ပိုမိုတိုးမြှင့်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အပါအဝင် တခြားကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားဖို့တွေဆွေးနွေး ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်တွင်း၊ ပြည်ပရှိ တချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နဲ့ CDMဝန်ထမ်းတွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်ကလည်း နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးသွားဖို့ ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

(၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို  ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ   ဇွန်လ ၂၇ မှ ၂၉ ရက်အထိ ၃ ရက်တာကျင်းပခဲ့ပါတယ်။ 

အစည်းအဝေးမှာ ထိုင်းဘက်က ကြည်းတပ် အမှတ် ၃ ဌာနချုပ် တပ်ရင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ ဆုဆတ်နဲ့ မြန်မာဘက်က  ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ဦး ဆောင်ဆွေးနွေးခဲ့တယ်လို့ ထိုင်းတပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

၃ ရက်တာဆွေးနွေးပွဲမှာ နှစ်ဘက်ကော်မတီတွေအနေနဲ့ နားလည်မှုတွေရယူခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ရေး ၊ နှစ်ဘက်ဒေသတွင်းအကျိုးရှိစေမယ့်ဖွံ့ဖြိုးရေးလုပ်ငန်း၊  နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်း‌ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ 

ဒါ့အပြင်  တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှိမ်နင်းပြီး  ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ MOU စနစ်နဲ့သာ ဝင်ရောက်လုပ်ကိုင်ရေး ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ထိပါးစေမယ့် အရေးကိစ္စတွေကို အတူတကွပူးပေါင်းဖြေရှင်းရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ ထိုင်းတပ်မတော်သတင်းမှာ ဖော်ပြပါတယ် ။ 

Photo-MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024