Home
မြန်မာသတင်း
ထိုင်းရေပြင်တွင် မြန်မာစက်လှေ တိမ်းမှောက်၊ လှေပေါ်ပါသူ နှစ်ဦးကို ထိုင်းစစ်တပ် ကယ်တင်
DVB
·
June 28, 2022
290670340_5234628416602828_4408533326464422778_n

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ရှိ ထိုင်း-မြန်မာ ရေမျက်နှာပြင်နယ်စပ်အနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာဘက်ခြမ်းက စက်လှေတစီး တိမ်းမှောက်သွားပြီး လှေပေါ်ပါသူ တံငါသည် နှစ်ဦးကို ထိုင်းစစ်တပ်က ကယ်တင်ခဲ့တယ်လို့ Royal Thai Army သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါမြန်မာစက်လှေဟာ ကော့သောင်းခရိုင်ကနေ ရေထွက်ပစ္စည်းတွေတင်ဆောင်ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ပါတ်နမ့်အုပ်စုရှိ ကူးတို့ဆိပ်မှာ လာရောက်ပို့ဆောင်ဖို့ ဖြစ်ကြောင်း၊ မြန်မာ့ ရေပိုင်နက်အလွန် ထိုင်းရေပိုင်နက်အစပ်ရောက်တော့ လှိုင်းကြီးလေထန်မိကာ လှေတိမ်းမှောက်သွားတယ်လို့ ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။ 

လှေမှောက်ပြီး ပင်လယ်ထဲ ကူးခတ်အကူအညီတောင်းခံနေတဲ့ လူ ၂ ဦးကို အဲဒီနေရာနဲ့ မနီးမဝေးရှိ ဆရနိယကျွန်း ခေါ် ကော်ဖီကျွန်းပေါ်မှာ လုံခြုံရေးကင်းလှည့်နေတဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်း တပ်ဖွဲ့ဝင်တွေက တွေ့ရှိပြီး သွားရောက်ကူညီကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ မြန်မာ ၂ ဦးမှာ ရေလုပ်သားတွေဖြစ်ပြီး ထိတ်လန့်နွမ်းနယ်နေကြကြောင်း၊ သူတို့ကို ခဏအ နားယူစေပြီးတဲ့နောက် မြန်မာဘက်ကမ်း မိသားစုဝင်တွေရှိရာ ကော့သောင်းဘက်ကို လှေကြုံနဲ့ ပြန်ပို့ပေးလိုက်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024