စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Myaung Women Warriors အမျိုးသမီးတပ်က မြောင်မြို့နယ်အတွင်း တောင်သူတွေကို ဇွန် ၂၂ ရက်က နှမ်းစိုက်ပျိုးခင်းတွေ ကူညီရိတ်သိမ်းပေးနေတယ်လို့ မြောင်အမျိုးသမီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“ဧရာဝတီမြစ်ရေတက်ချိန်မှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းဖို့ အလုပ်သမားခေါ်ယူရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ကြရတယ်။ ဒါ့အပြင် စစ်(--) ရန်ကိုလည်း စိုးရိမ်နေကြရတဲ့အချိန်လည်း ဖြစ်တယ်။ ဒါကြောင့်မို့ ကျမတို့စစ်သည်တွေက ကင်းလမ်းကြောင်း တာဝန်ယူပေးသူက ကင်းလမ်းကြောင်းတာဝန်ယူတယ်၊ ဒေသခံတောင်သူတွေနဲ့အတူ ရိတ်သိမ်းသူက ရိတ်သိမ်းပေးတယ်။ အခုလို ကျမတို့ရဲ့ ဒေသခံတွေကို ကူညီပေးရတာဟာ ကျမတို့ကျတဲ့ သွေး၊ ချွေးတို့တွေဟာ ဖိနှိပ်ခံပြည်သူလူထုဘဝမှ လွတ်မြောက်ဖို့အတွက် နိုင်တဲ့ဘက်ကနေ ကြိုးစားအားထုတ်ပေးရတာပါ။”
စစ်အာဏာသိမ်းပြီးနောက် Myaung Women Warriors တပ်ဟာ လက်နက်ကိုင်တော်လှန်ရေးကို မြောင်မြို့နယ်အတွင်း အခြေချလုပ်ကိုင်လာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အမျိုးသမီးအများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးပြည်သူ့ကာကွယ်ရေးစစ်တပ်လည်း ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။