Home
သတင်းဓာတ်ပုံ
မဲလ်ဘုန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဘာသာပေါင်းစုံဆုတောင်းပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
June 19, 2022
289162995_395555599283792_8054494187212389480_n
288867119_395555532617132_2212957702705487229_n
288531560_395555739283778_3981078048794156048_n
288257035_395555555950463_4411377834966525964_n
288220992_395555219283830_580901153651537695_n
287980703_395555075950511_7005049999608380760_n
287910151_395555485950470_304890951356748077_n
287756558_395555405950478_7203664723460303147_n
287620938_395555282617157_1874079307818055422_n
287552528_395555375950481_4155569974510353160_n

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သြစတြေးလျနိုင်ငံသား ရှောင်တာနာအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ 

ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့ကို မဲလ်ဘုန်းမြို့မှာ NUG/CRPH Support Group Australia က ဦးစီးကျင်းပပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ပြုလုပ်သွားတာပါ။ 

ဒီပွဲမှာ မြန်မာ့အရေး ထောက်ခံအားပေးသူ ဒေသအခြေစိုက် လွှတ်တော်အမတ်တွေလည်း တက်ရောက်ပြီး အာဏာရ လေဘာပါတီက မြန်မာ့ဒီမိုကရေစီအရေး အရင်ကထက် ပိုထိရောက်အောင် လုပ်ဆောင်ပေးသွားဖို့ ပြောဆိုသွားပါတယ်။ 

ဒီပွဲကို အနီးတဝိုက်က မြန်မာနိုင်ငံသား ၁၀၀ ကျော် လာရောက်ကြပြီး မြန်မာအစားအစာတွေနဲ့ ဧည့်ခံသလို  ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ မွေးနေ့ဆုတောင်း ရေးသားတာတွေနဲ့ တေးသီချင်း သီဆိုဖျော်ဖြေမှုတွေ ပြုလုပ်သွားကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024