Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ ပြည့်နှစ်မွေးနေ့ပွဲများ ကမ္ဘာအနှံ့ကျင်းပ
DVB
·
June 19, 2022
0
00
000
0000
00000
000000
0000000
00000000
000000000
0000000000
00000000000
000000000000

ဖမ်းဆီးအကျဉ်းကျခံရေတဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ ပြည့်နှစ် မွေးနေ့ အထိမ်းအမှတ်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု မေရီလန်းမှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းက ဒေသစံတော်ချိန် ဇွန်လ ၁၈ ရက် စနေနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ 

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တဝမ်းကွဲ အစ်ကို တော်စပ်တဲ့ ယခင် အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB)  ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အာဆီယံရေးရာ ကိုယ်စားလှယ် ဦးဘိုလှတင့်တို့လည်း တက်ရောက်ကြပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့တာကို တွေ့ရပါတယ်။ 

ဇွန်လ ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ ပြည့် မွေးနေ့ ဖြစ်တဲ့အတွက် မွေးနေ့အထိမ်းအမှတ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်း အခမ်းအနားတွေကို တခြားပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း စနေ၊ တနင်္ဂနွေ ရက်တွေမှာ အသီးသီးကျင်းပနေကြပါတယ်။ 

အမေရိကန် ပြည်ထောင်စုအပြင်၊ အာရှဘက်မှာလည်း သြစတြေးလျနိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို စီစဉ်ထားပြီး အန်ယူဂျီ အစိုးရ ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံရေးသမားတွေ တက်ရောက်ကြတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ လူထု အရေးတော်ပုံနဲ့ အတူ မြန်မာ့ နိုင်ငံရေးထဲမှာ ပါဝင်လာခဲ့ပြိး နောက်ပိုင်း အချိန်တော်တော်များများ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်ဒီက အနိုင်ရခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခဲ့ပြီး၊  ၂၀၂၀ မှာ အန်အယ်ဒီကလည်း ရွေးကောက်ပွဲမှာ ထပ်မံနိုင်ရခဲ့ပြီး  လွှတ်တော် မခေါ်ခင်လေးမှာ စစ်တပ်က အာဏာပြန်သိမ်းပြီး ဖမ်းဆီးတရားစွဲ အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024