Home
မြန်မာသတင်း
ဆောပြည်သူ့ပညာရေးတွင် သင်ကြားနေသည့်ကလေးများအတွက် ဆေးဝါးအကူအညီလိုအပ်
DVB
·
June 18, 2022
288674001_154560340482004_874383252050892861_n
287888380_154560307148674_4908620358714820946_n
287771780_154560490481989_3056730148036650874_n
287572283_154560453815326_5524943163525823624_n

မကွေးတိုင်း ဆောမြို့နယ်မှာ NUG အစိုးရရဲ့ ပြည်သူ့ပညာရေးအစီစဥ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူ လူငယ်တွေအတွက် ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာဆိုရင် ပုံမှန်အားဖြင့် ကျန်းမာရေးဌာနက ကွင်းဆင်း စစ်ဆေးတာတွေ ပြုလုပ်ပြီး သံဓာတ်အားဆေး ပေးတာတွေ၊ အာဟာရမုန့်တွေ ဝေတာတွေ ပြုလုပ်ပေမဲ့ အခု စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီလုပ်ငန်းတွေ ရပ်တန့်သွားတော့ ကလေးတွေ အတွက် အဆင်မပြေဘူးလို့ ဆောမြို့နယ် ပ.အ.ဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

“ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ကြည့်တော့ ကလေးတွေမှာ စားနေကျ ဆေးတွေ မစားရဘူး။ အာဟာရမုန့်တွေဆိုလည်း ပြတ်တောက်သွားပြီ။ ဒါ့ကြောင့် ကလေးတွေမှာ အာဟာရဓာတ်နဲ့ သံဓာတ် ချို့တဲ့ တဲ့လက္ခဏာတွေ၊ သွားနှင့်ခံတွင်းရောဂါတွေ တွေ့ရတယ်။ လုပ်လို့ရသလောက် လုပ်ဆောင်ပေးနေပေမဲ့ ဆေးဝါးတွေ ပြည့်စုံလုံလောက်မှုမရှိလို့ ကလေးတွေအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေဆီမှာ အကူညီတောင်းခံရတာဖြစ်တယ်။”

ဒါ့အပြင် ဆေးဝါးသယ်ယူရာမှာလည်း အခက်အခဲ ကြုံနေကြရတယ်လို့ ဆော-ပ.အ.ဖ တာဝန်ခံက ပြောပါတယ်။ 

“ဆေးဝါးသယ်ယူရတဲ့ လမ်းကြောင်းကတော့ တော်တော်လေး ခက်ခဲပါတယ်။ ပုံမှန်လမ်းကြောင်းကနေ သယ်လို့မရသလို ဆေးဆိုင်တွေမှာလည်း ဝယ်လို့ မရဘူး။ ကိုယ့် ဘာသာကို လမ်းကြောင်းတွေ ထွင်းပြီး ခက်ခက်ခဲခဲနဲ့ သယ်ယူကြရတာ။”

ဆောမြို့နယ်ထဲမှာ ပြည်သူပညာရေးအစီစဥ်နဲ့ အခြေခံပညာအလယ်တန်းအဆင့်အထိ ကျောင်းသား ကျောင်းသူ ၈၀၀၀ ကျော်လောက်ကို CDM ဆရာ၊ ဆရာမ ၁၀၀၀ ကျော်လောက်က ပညာသင်ကြားပေးနေတယ်လို့ ဆော-ပ.အ.ဖ ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024