ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းနဲ့ ဖရူဆိုမြို့နယ်တို့မှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က မေ ၂၀ ရက်ကနေ ဇွန် ၁၂ ရက်အထိ ၂၃ ရက်တာ ကာလအတွင်း ရန်သူစစ်ကောင်စီတပ်သား ၃၅ ယောက်ကို ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဇွန် ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
မေ ၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးခဲ့ပြီး ဆီမီးလောရှိ စစ်ကောင်စီတပ် ကင်းစခန်းကို စနိုက်ပါအဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မေ ၂၁ ရက်မှာ ဆီမီးလောရှိ စစ်ကောင်စီတပ် ကင်းစခန်းကို စနိုက်ပါအဖွဲ့က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ပြီး မေ ၂၂ ရက်က လွယ်ပေါတောင်ခြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၇ ရက်က ဆီမီးလောရှိ စစ်ကောင်စီကင်းစခန်းကို တတိယအကြိမ် စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ဇွန် ၁၀ ရက်မှာ လဟယ်ကျေးရွာနဲ့ လွယ်မကူးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဖရူဆိုမြို့နယ် ဒေါညေခူကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်ေကာင်စီစစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က ၇ ေယာက် သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ စနိုက်ပါစစ်ဆင်ရေးတွေကို ဒေသခံ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။