Home
မြန်မာသတင်း
ကရင်နီဒေသတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး ဒဏ်ရာရ
DVB
·
June 13, 2022
Dee Maw So Church destory by SAC 3
Dee Maw So Church destory by SAC 1

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုကြား အခုရက်ပိုင်း နေ့ညမပြတ် ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ လက်ပြီးဖြစ်ပွားနေပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေထံက  သိရပါတယ်။

မနေ့ ဇွန် ၁၂ ရက်မှာ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီး တပ်စွဲထားတဲ့  စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ယောက် ထိခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF BO6 က သတင်းထုတ်ပြန်ပါတယ်။

ပူဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDF/B-06 က သွားရောက်ခိုက်ခဲ့လို့ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားပြီး  စစ်ကောင်စီဘက်က  ၃ ယောက် ထိခိုက်ခဲ့သလို KNDF တပ်မှက ရဲဘော် ၂ ယောက်  ခိုက်ခဲ့တယ်လို့လည်း  ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၆ မိုင် ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  KNDF က ကင်းလဲဖို့ သွားတဲ့ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရတာဖြစ်ပြီး  ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၁၀ ရက်က သွားရောက်တိုက်ခိုက်ခဲ့လို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ် ( DMO - PDF )ရဲဘော်တယောက်ကျဆုံးခဲ့ကာ မနေ့က  မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းကို DMO-PDF ဗျူဟာ ( ၃ ) C, D, Eနဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တို့က သွားရောက်တိုက်ခိုက်စဉ် အသက် ၂၀ အရွယ် ရဲဘော် မောင်ပီလားရှို ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ DMO-PDF ကထုတ်ပြန်ပါတယ်။

အလားတူ စံပြ ၆ မိုင်ကျေးရွာမှာ  ကရင်နီပူးပေါင်းတပ်နဲ့  စစ်ကောင်စီတပ်တို့ ဇွန် ၁၁ ရက်က တိုက်ပွဲဖြစ်ပြီး ရဲဘော်  တယောက်ထပ်မံကျဆုံးသွားခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က  လက်နက်ကြီးတွေ အများအပြား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

မနေ့ကလည်း ဖရူဆိုလမ်းဘေးက ထီးပေါဆိုရွာမှာ လက်နက်ကြီးကျပြီး ခရစ်ယာန် ဘုရားကျောင်းပျက်စီးသွားခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာဘက်မှာလည်း ဒီမနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ကရင်နီပူးပေါင်းတပ်က ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024