Home
မြန်မာသတင်း
မော်လူးမြို့အနီး စစ်ကောင်စီတပ်ကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်
DVB
·
June 12, 2022
286876439_585255586355249_2478643968436914514_n
286876439_585255586355249_2478643968436914514_n

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့နဲ့ နန့်စီးအောင်ကြားလမ်းပိုင်းမှာ အင်အား ၃၀ ခန့်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  ဇွန် ၁၂ ရက် မနက် ၁၀ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးပြီး  ၉ ယောက်လောက် ဒဏ်ရာရရှိနိုင်ကာ စစ်တပ်ပိုင်ကားနဲ့ မိုးညှင်းဘက်ကို ပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်သူကပြောပေမဲ့ ထိခိုက်ကျဆုံးစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး အင်းတော်၊ နဘား၊ ကသာလမ်းတလျှောက်(စ.. )တွေနေရာအနှံ့ ကင်းပုန်းဝပ်တယ်။ ဒီဘက်ကိုအင်အား အလုံးအရင်းဖြည့်နေတယ်"လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ခရီးသွား ကား‌၊ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024