Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် ရွာပြန်ရိက္ခာယူသည့် စစ်ဘေးရှောင် ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
DVB
·
June 11, 2022
520501-512783-Dee-Mawt-So-730x365-1-730x365

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါသဲကျေးရွာမှာ ဇွန် ၁၀ ရက် ညနေ ၅ နာရီ လောက်က စစ်ဘေးရှောင်နေရာကနေ ရွာမှာရိက္ခာပစ္စည်းပြန်လာယူတဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက်  စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B0 6 က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါကမီး၊ ဆီးလီဒုံး၊ ဟန်သောခူ ရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ရွာသားတွေကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြဖို့ တိုက်တွန်းနေပေမဲ့ ကျေးရွာအဝင်လမ်းတွေနဲ့ ရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းတွေကို KNDF -B0 6 ကတူးဖော်ရရှိတယ်လို့ ဆိုပါတယ်။

KNDF -B06 မှတာဝန်ရှိသူတစ်ဦးက " စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာအဝင်ထွက်နေရာတွေနဲ့ ရွာနီးစပ်ရာတွေမှာ မိုင်းထောင်ထားတာပါ။ နင်းမိုင်းတွေ တိုက်မိုင်းတွေ အများဆုံး ထောင်ထားတတ်ပါတယ်။ ဇွန်လ ၁၀ ရက် နေ့လယ်က  ကျေးရွာတွေအနီး ကင်းထောက်သွားစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေ တွေ့ရှိခဲ့လို့တူးဖော်ရှင်းလင်းခဲ့ရတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေကြတဲ့ ရွာသူရွာသားတွေ ကျေးရွာအတွင်းသို့ ဖြတ်သန်းသွားလာတာ ပြန်လည်နေထိုင်တာဟာ အန္တရာယ်ရှိနိုင်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို  လိုက်နာပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF -B06 ကတောင်းဆို ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024