ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့အနားမှာ ဇွန် ၈ ရက် ဒီနေ့မနက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၉ နာရီ၊ ၅၆ မိနစ်၊ ၄၅ စက္ကန့်လောက်က ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၅၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မိုင်းပြင်းမြို့ရဲ့ အနောက်မြောက်ဘက် ၂၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။