Home
မြန်မာသတင်း
လေးကေ့ကော်တွင် ဖမ်းဆီးခံခဲ့ရသည့် ဧရာဝတီတိုင်းသား ၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချ
DVB
·
June 5, 2022
Maubin1

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်းသား ၁၂ ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့  ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက  သိရပါတယ်။

ပရဟိတသမားတွေ၊ CDM ပြုလုပ်ပြီး တိမ်းရှောင်နေရတဲ့သူတွေဟာ လေးကေ့ကော်မြို့သစ်မှာ သွားရောက် တိမ်းရှောင်နေချိန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၆ လအကြာမှာ ခုလိုထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

နီးစပ်သူတဦးက “ရုံးချိန်ကတော့ မြဝတီတရားရုံးမှာပဲ ဒါပေမဲ့ အမိန့်ချမယ့်နေ့မဟုတ်သေးဘူး ပုံမှန်ရုံးချိန်းပဲ အဲ့ရောက်တော့မှ အမိန့်ချလိုက်တာ ပရဟိတသမားတွေ၊ ကျောင်းဆရာတွေ အားလုံးကို အကြမ်းဖက် ဥပဒေနဲ့ ဆွဲပြီး ထောင်ချတာ”လို့ ပြောပါတယ်။ 

ထောင်ချခံခဲ့ရတဲ့ ဧရာဝတီတိုင်းသား ၁၂ ယောက်စလုံးဟာ မအူပင်မြို့နယ်ကနေ သွားရောက်တိမ်းရှောင်နေရတဲ့သူတွေ ဖြစ်ပြီး သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ မြောင်းမြလွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ အိမ်မဲလွှတ်တော် ကိုယ်စားလှယ်တယောက်တော့ သတင်းမရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်  နှစ်ယောက်ဟာ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကစပြီး ၆ လကြာတဲ့အထိ အဆက်သွယ်မရသလို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးတာကြောင့် မိသားစုတွေအနေနဲ့ စိတ်ပူနေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024