စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပရွာကြားမှာ ဇွန် ၃ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ကောင်စီတပ်ကားတွေဟာ စစ်ကိုင်း ဘက်ကနေ မုံရွာဘက်ကို မောင်းလာတာဖြစ်ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF(MMU) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
PAFDတပ် တာဝန်ရှိသူတဦးက “ကား ၆ စီး လာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စုံစမ်းရရှိတဲ့ သတင်းတွေအရတော့ ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရတာရှိတယ်။”လို့ ပြောပါတယ်။
ဒီလို မိုင်းဆွဲတိုက်ခိုက်ပေမဲ့ အပြန်အလှန်ပစ်ခတ်တာမရှိခဲ့ပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဘေးအန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။