Home
မြန်မာသတင်း
မြဝတီအခြေစိုက် မှုခင်းသတင်းထောက် ၁ ဦး ပျောက်ဆုံး
DVB
·
June 3, 2022
280575955_5538557382834606_4402127399731793220_n
522018-394041-MyaWaddy-730x365-1-730x365

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် မှုခင်းသတင်းထောက် ကိုမျိုးဝင်းဟာ မေ ၂ ရက်ကစပြီး ပျောက်ဆုံးနေတယ်လို့   ဇွန် ၃ ရက်မှာ သူ့ရဲ့ မိသားစုက ပြောပါတယ်။

မှုခင်းသတင်းထောက် ကိုမျိုးဝင်းဟာ မြဝတီမြို့ ရပ်ကွက် ၃ မှာ နေထိုင်သူဖြစ်ပြီး ရပ်ကွက် ၃ ဆယ်အိမ်မှူး ကိုကျော်ခိုင်နဲ့အတူ BGF တပ်နယ် ၄ တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်ကြီးစောခြင်းလုံအဖွဲ့က နေအိမ်ကနေ ခေါ်ဆောင်သွားတာလို့  မိသားစုဝင်တယောက်က ပြောပါတယ်။

ဇွန် ၂ ရက်မှာတော့ ကိုမျိုးဝင်းကို ချုပ်နှောင်ရာနေရာကို မိသားစုက ရဲစခန်းမှာ သွားရောက်မေးမြန်းရာ ရဲစခန်းက ရပ်ကွက် ၃ တာဝန်ရှိသူကို ဆက်လက်မေးမြန်းပြီး ကိုမျိုးဝင်း သေဆုံးသွားပြီဖြစ်ကြောင်း သိခဲ့ရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အခြေစိုက် သတင်းထောက်  ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ  စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024