Home
မြန်မာသတင်း
ထိုင်းရပ်ကွက်ဥက္ကဋ္ဌကားဖြင့် တရားမဝင် ဝင်လာသည့် မြန်မာအလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ
DVB
·
May 29, 2022
279513001_1054306018824303_8480941485634670805_n

မြန်မာ-ထိုင်းနယ်စပ် မြဝတီဘက်ကနေ ထိုင်းနိုင်ငံ တာခ်ရိုင် ဝမ်းကြောက်မြို့နယ်ထဲ ထိုင်းကျေးရွာရပ်ကွက် ဥက္ကဋ္ဌပိုင် ကားနှစ်စီးနဲ့ တရာမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၁၇ ဦးကို မေ ၂၉ ရက် မနက် ၃ နာရီခွဲလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

မသင်္ကာဖွယ် ကားနှစ်စီးကို ဝမ်းကြောက်မြို့ ရပ်ကွက် ၈ တောတွင်း မြေနီလမ်းမှာ တာဝန်ရှိသူ တွေက စစ်ဆေးဖို့ တားဆီးစဉ် မောင်းပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးရာ တစီးဖမ်းမိခဲ့တယ် လို့ ဆိုပါတယ်။

ဒီနောက် ထွက်ပြေးသွားတဲ့ကားဟာ ရပ်ကွက် ၈ ဥက္ကဋ္ဌရဲ့ ကားဖြစ်ကြောင်း သတင်းရတာကြောင့် သက်သေတွေနဲ့ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီကားနှစ်စီးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ကျား ၁၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

ထိုင်းရဲ၊ စစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ထိုင်းကျန်းမာရေးဌာနတို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024