Home
မြန်မာသတင်း
စစ်ကောင်စီစေလွှတ်သူများကို စစ်ပညာသင်ပေးမှုရပ်တန့်ရန် ဂျပန်နိုင်ငံတွင် ဆန္ဒပြ
ဇော်ဇော်လှိုင်
·
May 24, 2022
283602382_10228396897885512_8344920033944593705_n
283355599_10228396881285097_8752282872644951823_n
283223341_10228396883485152_4605699293614034364_n
283075183_10228396882805135_7828103641977334497_n
282686999_10228396880565079_1887835261438840541_n
282656987_10228396897125493_5266380841404459715_n
281776717_10228396879925063_6019102695979780784_n
283602382_10228396897885512_8344920033944593705_n
283355599_10228396881285097_8752282872644951823_n
283223341_10228396883485152_4605699293614034364_n
283075183_10228396882805135_7828103641977334497_n
282686999_10228396880565079_1887835261438840541_n
282656987_10228396897125493_5266380841404459715_n
281776717_10228396879925063_6019102695979780784_n

အကြမ်းဖက်မြန်မာစစ်ကောင်စီက စေလွှတ်သူတွေကို စစ်ပညာသင်ကြားပေးတဲ့ ဂျပန်အစိုးရအနေနဲ့ ရပ်တန့်ဖို့အပါအဝင် အချက် ၄ ချက်ပါ ဆန္ဒပြတောင်းဆိုပွဲကို ဂျပန်ရောက်မြန်မာအင်အားစုတွေက မေ ၂၄ ရက်နေ့ညနေပိုင်း တိုကျိုမြို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

“ကျမတို့ ဒီနေ့လာရောက်ဆန္ဒပြရတာက ဂျပန်အစိုးရက မြန်မာပြည်သူများအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်လျက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကို အကူအညီပေးတာတွေ ရပ်တန့်ပေးဖို့၊ NUG အစိုးရကို အမြန်ဆုံးအသိအမှတ်ပြုဆက်ဆံဖို့ အပါအဝင် အမေရိကန်သမ္မတကြီးလည်း ဂျပန်ရောက်နေချိန်မှာ တိုက်ဆိုင်ပြီး လုပ်ရတာပါ” လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ကာကွယ်ရေးလေတပ်ကွပ်ကဲမှု ကောလိပ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ်အထိ စစ်သင်တန်း တက်ရောက်ခဲ့သူ စစ်ကောင်စီရဲ့လေတပ် ဒုဗိုလ်မှူးကြီး လွှမ်းမိုးက မြန်မာပြည်သူအပေါ် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေတာကို Human Rights Watch နဲ့  Justice For Myanmar တို့က မေ ၂၃ ရက်နေ့က ထုတ်ဖော်ခဲ့တဲ့ အထောက်အထားတွေအပါအဝင် ဂျပန်ရောက်မြန်မာအင်အားစုတွေရဲ့ သဘောထားတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှ တာဝန်ခံအရာရှိတွေက ဆန္ဒပြနေစဉ် ဝန်ကြီးကိုယ်စား လက်ခံယူခဲ့ကြပါတယ်။

“အရင် ကျနော်တို့လာတွေရင် အထောက်အထားမတွေ့ရသေးဘူး ပြောပြောနေလို့ အခုလို သူတို့လေ့ကျင့်ပေးခဲ့တဲ့ စစ်ကောင်စီ လေတပ်ဒုဗိုလ်မှူးကြီး လွှမ်းမိုးက အခုမြန်မာပြည်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း အထောက်အထားတွေနဲ့ လာပေးရတာပါ”လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက ရှင်းပြပါတယ်။

တောင်းဆိုခဲ့တဲ့စာထဲမှာ ဂျပန်စစ်သင်တန်းဆင်း စစ်အရာရှိတွေက မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက် စစ်သင်တန်းပေးတာ ချက်ချင်းရပ်ပေးဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမြန်ဆုံးအသိမှတ်ပြုပေးဖို့၊ ရုရှားကို ဂျပန်အစိုးရက စီးပွားရေး ပိတ်ဆို့ကာ သံတမန် ဝန်ထမ်းအချို့ကို နှင်ထုတ်ခဲ့သလို စစ်ကောင်စီကိုလည်း အလားတူ ပြုလုပ်ပေးဖို့၊ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂ အာဆီယံ၊ G7 အပါအဝင် နိုင်ငံတကာ နဲ့အတူ ထိရောက်စွာဆောင်ရွက်ပေးဖို့တို့ ပါဝင်တယ်လို့ ပေးအပ်ခဲ့သူ မဆွေဆက်အေးက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာအင်အားစုတွေသာမက မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေပါ လာရောက်ပူးခဲ့ကြပြီး တောင်းဆိုချက်တွေကို ဂျပန်-မြန်မာ နှစ်ဘာသာနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

သတင်း-ဓာတ်ပုံ- ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024