မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဂုဏ်ရွာမှာ မေ ၁၇ ရက် ည ၁၀ နာရီလောက်က မိသားစု စကားထိုင်ပြောနေစဉ် မိုးကြိုးပစ်တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“နေအိမ်အဖီချထားတဲ့အောက်မှာ မိသားစု ၆ ယောက် ထိုင်စကားပြောနေကြတာ၊ မီးနီလုံးကြီး ဝင်လာတယ်၊ မဆန်းဝင်းကျောကို ထိတယ် နေရာတင်သေဆုံးသွားတယ်။ ဘေးကထိုင်နေတဲ့ သားနဲ့ ချွေးမကိုတော့ အဖျားခတ်သွားတယ်၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ မိုးတွေသဲသဲမဲမဲရွာပြီး မိုးကြိုးပစ်ခံရတာ ဝမ်းတွင်းမြို့နယ်ထဲမှာ ပထမဆုံး ဖြစ်ခဲ့တာပါ။
မိုးကြိုးပစ်လို့ အသက် ၅၃ နှစ်ရှိ မဆန်းဝင်း သေဆုံးပြီး သားဖြစ်သူ ကိုမင်းခိုင်နဲ့ ချွေးမဖြစ်သူ မသဲသဲတို့ မိုးကြိုးစက်ကွင်းထိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။