ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ ကြို့ပင်ကျေးရွာအုပ်စု သဖန်းကုန်း-တာပွန်လမ်းပေါ်မှာ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဆိုင်ကယ် ၃ စီး လှည့်ကင်းကို မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဒေသခံ PDF တပ်ဖွဲ့က မိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
တာပွန်လမ်းဘက်မှာ ပေါက်ကွဲမှုတခုဖြစ်ပြီး ရဲတပ်သားတယောက်ကို အရေးပေါ်ကားနဲ့ သယ်ဆောင်သွားတာ တွေ့လိုက်ရတယ်လို့ အနီးနားမှာ နေထိုင်တဲ့ ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
အရပ်သား ၂ ယောက် အနည်းငယ် ထိခိုက် ဒဏ်ရာရသွားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ အခုဖြစ်စဉ်အတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၃၆၀၁ တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
ပြည်သူ ၂ ယောက် ထိခိုက်မိတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်ရပြီး အနူးအညွတ်တောင်းပန်တယ်လို့လည်း Bago Region PDF ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။