Home
မြန်မာသတင်း
ပုလဲမြို့နယ်၊ ချောင်ဦးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
DVB
·
May 16, 2022
281018373_674847483591446_6577744385150854874_n

ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချောင်းဦးရွာ အခြေခံပညာအလယ်တန်းကျောင်းကို မေ ၁၄ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က ရွာထဲကိုဝင်လာပြီး အခုလို စာသင်ကျောင်းကို မီးရှို့တာတွေ လုပ်သွားတယ်ဗျ၊ ဘာကြောင့် လုပ်တယ်တော့ မမေးပါနဲ့ဗျာ။ ဒီကောင်တွေက အထက်အရာရှိတွေကို PDF က လုပ်တယ်လို့ စာရင်းလေးတချက်တင်လိုက်ရင် ပြီးနေတဲ့ကိစ္စဆိုတော့ အခုလိုမြေပြင်မှာ မီးရှို့တာဖြစ်နိုင်တယ်” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့လို့ ကျောင်းဆောင် ၃ ဆောင်အပါအဝင် ရုံးသုံးစာရွက်စာတမ်းအားလုံး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံရွာသားက ထပ်မံပြောဆိုပါတယ်။

အဆိုပါ ချောင်းဦးရွာဟာ ပထမတကြိမ် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာ‌တွေ ပြုလုပ်ခဲ့ကြသလို အခု ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ သူတို့တပ်ဖွဲ့ဝင်တွေ လုပ်တာမဟုတ်ဘူးလို့ အမြဲငြင်းဆိုလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024