မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွဲဆည်ကန်ကားကြီးဝင်းနားက စစ်တပ်ပိုင် မြဝတီဘဏ်ခွဲရဲ့ ဝင်းအတွင်းမှာ မေ ၁၃ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်နှစ်ထပ်အဆောက်အအုံက မှန်ပြတင်းပေါက်ကွဲ ပျက်စီးခဲ့ပြီး လူ ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင် အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ဆိုပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကလည်း မြဝတီဘဏ်ရှေ့က အတွင်းခြံစည်းရိုး သံတံခါးအနီးမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။