ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ကျောက်လုံးကြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၈ ရက် မနက် ၉ နာရီက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ သူတို့ ကနီမြို့ပေါ်ကနေ ရေလယ်ကျွန်းရွာကို တာဝန်ချိန်းဝာာကို ဝင်တိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၅ ဦး သေးဆုံးတယ်” လို့ ပြောပါတယ်။
ရေလယ်ကျွန်းရွာဟာ ကနီမြိုနဲ့ ၂ မိုင်နီးပါးလောက်ဝေးပြီး ပျူစောထီးအားကောင်းတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
အဲဒီရွာကို စစ်ကောင်စီက တပ်စွဲပြီး နေထိုင်နေတာဆိုရင် လက်ရှိအချိန်နဲ့ဆိုရင် တစ်နှစ်ကျော်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ် ပြည်သူကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ မြွေပိုင်းတောင်အဖွဲ့က ၅ မိုင်ကျော်ပြေးတဲ့ ဒုန်းလက်နက်ကို မေ ၇ ရက်မှာ စမ်းသပ်အောင်မြင်ပြီလို့ အဲဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီလက်နက်ကို စမ်းသပ်နေတာ ၂ လ ကျော်ကြာခဲ့တယ်။ ဒီလက်နက်က ပစ်မှတ်ကို အဝေးကနေ ပစ်လို့ ရတယ်။ ၅ မိုင်လောက်အထိ ပြေးတယ်။ ရန်သူကို အဝေးကနေ ပစ်လို့ ရတဲ့ အားသာချက်ပေါ့”လို့ မြွေပိုင်းတောင်အဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်ရက္ခစိုးက ပြောပါတယ်။
၅ မိုင်လောက်ပြေးတဲ့ဒုန်းလက်နက်ကို မင်းကင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စမ်းသပ် ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကို စစ်ကောင်စီနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ အသုံးပြုမယ်လို့လည်း အဖွဲ့ဝာာဝန်ရှိသူက ပြောပါတယ်။