Home
မြန်မာသတင်း
ထိုင်း-မြန်မာ အမှတ် (၁) တံတား ပြန်ဖွင့်ရန် ထိုင်းဘက်ခြမ်းတွင် သန့်ရှင်းရေးလုပ် ပြင်ဆင်နေ
DVB
·
May 1, 2022
279597095_168144875634728_6138711794774752155_n
279369019_319958516915027_6384214346576812901_n
279308569_168144735634742_1440740640958100317_n
279288420_545351070566006_1051260911808625467_n
279286361_168144802301402_4171893781676383319_n
279225849_168144718968077_8017542412457802863_n
279132010_5233949596648343_2460587886882013149_n
279040663_571599827447209_8399068154516145250_n
278716042_534986701556060_1401934581848584260_n
278602261_1164140247677156_4301361389226265394_n

ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတား မေလ ၅ ရက် ဖွင့်လှစ်နိုင်ဖို့ ထိုင်းတာဝန်ရှိသူတွေ မဲဆောက်မြို့မှာ ဧပြီ ၃၀ ရက်က ဆွေးနွေးခဲ့ကြအပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တံတားထိပ်မှာ ဒီနေ့ သန့်ရှင်းရေးလုပ်နေကြပါတယ်။

ထိုင်း လဝက (တောမော) အရာရှိတဦးကတော့ လာမယ့် မေ ၅ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ဒီဗွီဘီ သတင်းထောက်ကို ပြောပါတယ်။ 

မြဝတီ- မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှာ ဧပြီ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲလောက်က အင်အားပြင်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ထိုင်းဘက်ခြမ်းမှာ ဒီနေ့အထိ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။ 

မြန်မာဘက်ခြမ်း ဗုံးပေါက်ကွဲခဲ့တဲ့ နေရာကိုလည်း အာဏာပိုင်တွေက ရှင်းလင်းနေပြီးပြီလို့ သိရပြီး မေ ၅ အမီ တံတားဖွင့်နိုင်ရေး ပြင်ဆင်မှု ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

မြန်မာအလုပ်သမားအရေး လုပ်ဆောင်နေသူ ကိုသားကြီးကတော့ ထိုင်းဘက်ကတော့ သေချာနေပြီး မြန်မာဘက်က ခွင့်ပြုမှသာ တံတားပြန်ဖွင့်ရေး ဖြစ်မြောက်လာနိုင်မယ်လို့ ဆိုပါတယ်။ 

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်း-မြန်မာ  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ၂၀၂၀ ဇူလိုင်လလောက်ကစပြီ ပိတ်ထားတာကြောင့် နှစ်ဖက်ကုန်သည်တွေ နစ်နာဆုံးရှုံးနေပြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးဖို့ လိုလားနေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024