Home
မြန်မာသတင်း
ဘိုကလေး၌ ဒေသခံ ၁၅ ဦးထက်မနည်း ဖမ်းဆီး စစ်ဆေးခံနေရ
DVB
·
May 1, 2022
279260259_3228543994140006_8906952127905749357_n

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ဧပြီလလယ်ပိုင်းက စတင်ကာ NLD ပါတီထောက်ခံအားပေးသူတွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ကို ကူညီထောက်ပံ့သူလို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားတဲ့ပြည်သူ ၁၅ ဦးထက်မနည်း ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

"NLD ထောက်ခံအားပေးသူတွေကို ဝင်ရှာဖမ်းဆီးတာတွေ ရှိတယ်။ အိမ်ဝင်ရှာတဲ့အခါ NLD နဲ့ ပတ်သက်တဲ့ တံဆိပ်တွေ ဘာတွေ တွေ့ရင် ဖမ်းတာပဲ။ မေးမြန်းစစ်ဆေးပြီး ပြန်လွှတ်ပေးတာတွေ ရှိသလို ဆက်ဖမ်းထားတာတွေလည်း ရှိတယ်" လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။ 

စစ်ကောင်စီက NLD ထောက်ခံသူတွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ကို ငွေကြေးထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေသလို အချို့ကိုတော့ ပြန်လွှတ်ပေးလိုက်ပေမယ့် ငွေ သိန်းဂဏန်း စစ်ကောင်စီကို ပေးခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတဦးဆီက သိရပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်ထောက်ခံသူ အမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း လိုက်ဖမ်းတော့တာပဲ။ ကျနော်သိသလောက် ဒီရက်ပိုင်း နယ်တွေမှာရော မြို့ပေါ်မှာပါ  ဖမ်းခံရတာဆို ၁၅ ဦး လောက်ရှိတယ်။ လူကြီးပိုင်းထဲကဆို  NLD ဒုဥက္ကဋ္ဌလည်း အဖမ်းခံရတယ်” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

လူငယ်တွေကိုတော့ တပ်မတော်ထောက်ခံသူ အမျိုးသမီးပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်ကာ လူလတ်ပိုင်းတွေကိုတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပံ့တာ နဲ့ NLD ပါတီကို ထောက်ခံလို့ဆိုပြီး စွပ်စွဲဖမ်းဆီးထားတာပါ။

ဘိုကလေးမြို့မစျေးထဲမှာ အမည်မသိအဖွဲ့က ပျူစောထီးခေါင်းဆောင်လို့ လူသိများတဲ့ ချစ်စမ်းမောင်ဆိုသူကို အောက်တိုဘာ ၂၈ ရက်က စက်ချုပ်နေစဉ် သေနတ်နဲ့ နားထင်ကို ပစ်ခဲ့လို့ သေဆုံးခဲ့ပြီး ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာလည်း တပ်မတော် ထောက်ခံသူ  သူဇာကြီးဆိုသူဟာ  စံပြစျေးနားမှာ နားထင်ကို သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024