Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းကြောင့် ဘုရားစေတီများထီးတော်ကျိုးကျ၊ နေအိမ်များပျက်စီး
DVB
·
April 30, 2022
279624339_3853669814772007_7865169965012234682_n
279571191_3853669711438684_6373728374233174784_n
279570177_3853669994771989_8742404035945720378_n
279515109_3853669608105361_3129823857062713242_n
279511230_3853669474772041_2975583479348298525_n

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျေးရွာတချို့မှာ  ဧပြီ ၂၉ ရက်မနက် ၁ နာရီလောက်က  မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် ဘုရားစေတီ ၄ ဆူ ထီးတော်ကျိုးပျက်ပြီး  နေအိမ် အဆောက်အဦ ၅၀ ကျော်  အမိုးလန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံ တဦးက "မိုးနဲ့ အတူ လေတွေပါတိုက်လာတာ ဘုရားစေတီတွေကတော့ ထီးတော်တွေပျက်ကုန်တယ်။ စာသင်ကျောင်းဆာင် ၃ ခုနဲ့ ဘုန်းတော်ကြီးကျောင်းအဆောက်အဦ ၃ ခု အမိုးလန်ပျက်စီးတယ်။ အိမ်တွေကတော့ ပျက်တာများတယ်။ တချို့အိမ်တွေဆို လုံးဝပြိုသွားတယ်"လို့ ပြောပါတယ်။

မိုးသက်လေပြင်းတိုက်တာကြောင့် မြောက်ဆည်ရွာ၊ ပဒင်းရွာ၊ ခါတက်ကုန်းရွာနဲ့ အောင်သာရွာတွေမှာ  ရွာ ၄ ရွာက လူနေအိမ် ၄၉ လုံးနဲ့ မူလတန်းကျောင်း စာသင်ဆောင်တွေ အမိုးလန်သွားခဲ့ပါတယ်။

ဒါ့အပြင် သာသနိက အဆောက်အဦ ၃ လုံးပျက်စီးပြီး ဘုရားစေတီထီးတော် မြေခတာရှိသလို ယိုင်နဲ့သွားတာလည်းရှိပါတယယ်။

အဆောက်အဦပေါင်း ၅၅ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်ပျက်စီးလို့ ပြန်လည်နေထိုင်ဖို့ ခက်ခဲတဲ့ မိသားစုတွေကို နီးစပ်ရာ ဆွေမျိုးတွေထံမှာ  သက်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့တွေက နေရာချထားပေးတယ်လို့ သိရပါတယ်။

မိုးသက်လေပြင်း တိုက်ခတ်လို့  သစ်ပင်တွေ၊ အဆောက်အဦတွေ ပျက်စီးသွားပေမဲ့ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024