Home
မြန်မာသတင်း
ပြည်သူ့ထောက်ပံ့မှုဖြင့် လက်နက်များ ဝယ်ယူနိုင်ခဲ့ဟု ကလေး PDF အသိပေး
DVB
·
April 29, 2022
279008369_515488370219837_2925085663158476990_n

ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ M4-Carbine လက်နက်အမျိုးအစား တချို့ကို  ဝယ်ယူနိုင်ခဲ့တယ်လို့ ကလေး PDF တပ်ရင်း-၆ တာဝန်ခံ ကိုဂျပန်ကြီးက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။

"လက်နက်ဝယ်ယူရတာ အင်မတန်ခက်ခဲပါတယ်။ ကျည်ဈေးရော၊ လက်နက်ဈေးရော  အဆမတန်ပေးရတဲ့ ပြဿနာက အကြီးဆုံးပေါ့။ လက်နက်သယ်ယူရတဲ့ လမ်းကြောင်းကတော့ ကျပ်နေတာပါပဲ။ သယ်ယူပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။"

နောက်ထပ်လည်း ပြည်တွင်း၊ ပြည်ပက လှူတဲ့ငွေတွေကို ကိုယ်ကျိုးအတွက် သုံးမှာမဟုတ်ဘဲ စစ်အာဏာရှင် တာ်လှန်ရေးအတွက် အသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ ကလေး PDF ရဲဘော်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ကိုဂျပန်ကြီးက ဆက်ပြောပါတယ်။

လက်နက်ဖိုး ကြွေးကျန်နဲ့ ထပ်ပြီးမှာထားတဲ့ လက်နက်တွေလည်း ရဖို့ရှိတာကြောင့် ပြည်သူတွေ ဆက်ပြီး ကူညီပေးစေချင်တယ်လို့လည်း ကိုဂျပန်ကြီးက အကူအညီတောင်းပါတယ်။

“တိုက်ပွဲဖော်ဆောင်တာတွေ ပိုမိုတိုးပြီး လုပ်ဆောင်နိုင်အောင် လေ့ကျင့်မှုတွေရော  ကွန်မန်ဒိုသင်တန်းတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဓိကကတော့ လက်နက် မပြည့်စုံသေးတဲ့ အနေအထား ကြားထဲကနေ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်ကို ခုခံ‌တော်လှန်နေဆဲပါ” လို့ သူက ဆိုပါတယ်။

လတ်တလော ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကလေး PDF တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ကလေး-ဂန့်ဂေါလမ်းကို မသုံးဖို့ ဒေသခံတွေကို ကလေး PDF က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024