Home
မြန်မာသတင်း
အင်းတကော်စစ်တပ်ဂိတ်နှင့် ဦးပိုင်စက်မှုဇုန်ဂိတ်တို့ကို ပဲခူးခရိုင် PDF မိုင်းဆွဲတိုက်ခိုက်
DVB
·
April 26, 2022
279265370_169164332204578_8542086650066943585_n

ပဲခူးတိုင်းထဲက အင်းတကော်အခြေစိုက် တပ်မ-၇၇ လက်အောက်ခံ တပ်တွေရဲ့ ဂိတ်တခုနဲ့ ဦးပိုင်စက်မှုဇုန်ဂိတ်တို့ ဧပြီ ၂၅ ရက်က ည ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ပဲခူးခရိုင်တပ်ရင်းအမှတ်(၁) ၊ တပ်ခွဲ(၂) IPDF က အင်းတကော်အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇) တို့​ရဲ့ဂိတ်တဲနဲ့  အင်းတကော် ဦးပိုင်စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်တို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ပဲခူးတိုင်း PDF တပ်ရင်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်အဟုန်မြင့်တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်း အသိပေး ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှု တွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ  ဖြစ်ပွားခဲ့ပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး  ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG  ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာ အတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့ ပြည်နယ်တိုင်းတချို့က တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024