ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က မြို့နယ်ပညာရေးမှူးရုံးကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့က ဧပြီ ၂၄ ရက်ည ၈ နာရီ ၄၀ မိနစ်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကျွန်ပညာရေး အားဆန့်ကျင်တဲ့အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရုံးအတွင်း ထိခိုက်ပျက်စီးမှုတော့ ရှိပြီး လူထိခိုက်မှုကို အတည်ပြုဖို့ ခက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဂါးနီတော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ သက်ရှိ၊ သက်မဲ့ဒေါက်တိုင်တွေကို တိုက်ခိုက်မှာဖြစ်လို့ ဒေသခံတွေအနေနဲ့ သူတို့တွေနဲ့ မဆက်ဆံဖို့ သတိပေးထားပါတယ်။
မြန်အောင်မြို့နယ် ငှက်ကြီးကွင်းအုပ်စု မြေပြာသရက်ကုန်းရွာက မိုင်တဲတာဝါတိုင်ကို ဧပြီ ၂၂ ရက် ညမှာ “ဧရာဝတီဒေါင်းတမာန်” ဆိုတဲ့ အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။