Home
မြန်မာသတင်း
ရေးမြို့အထွက်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
April 23, 2022
278589465_1862058554125071_6855818460588939968_n

မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်၊ ရွာသစ်ကျေးရွာအနီးရှိ တံတားကြီးမှာ လုံခြုံရေးနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့တွေကို ဧပြီ ၂၃ ရက်နေ့ မနက် ၉ နာရီလောက် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ရဲအုပ်ရဲလွင်နဲ့ ရဲတပ်သား ဇင်မိုးလင်းတို့ သေနတ်ဒဏ်ရာတွေ ရရှိပြီး ရေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က တွဲဖက်တာန်ခံ အဂ္ဂကတော့ အဲဒီတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းအလယ်မှာ ခုံချပြီး နေ့စဉ်နဲ့အမျှ ခရီးသွားပြည်သူတွေ စိတ်အနှောက်ယှက် ဖြစ်အောင် စစ်ဆေးနေတာကြောင့် သွားရောက် တိုက်ခိုက်ခဲ့တာလို့ DVB ကို ပြောပါတယ်။

တံတား လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို သွားရောက် တိုက်ခိုက်ပြီးနောက် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO ဟာ စစ်ကောင်စီ ဌာနဆိုင်ရာရုံး၊ Mytel တာဝါတိုင်တွေကို မကြာခဏ ဖောက်ခွဲဖျက်ဆီးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024