Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ကျောက်ဆည်မြို့ရှိနေအိမ် ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
April 22, 2022
520489-463900-KaNi-730x365-2-730x365

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေအိမ်ကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဧပြီ ၂၂ ရက်  မနက်  ၁၁ နာရီခွဲက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ထုတ်ပြန်ပါတယ်။

ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက "ဦးသန်းရွှေရဲ့နေအိမ်ကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အထိအခိုက် မသိရသေးဘူးဗျ။ ဖြစ်ပြီးတာနဲ့ တန်းပြီး လမ်းတွေပိတ်တာ။ စစ်ဆေးတာတွေ လုပ်နေတယ်။ မြို့အဝင်အထွက်က ဂိတ်တွေပါ စစ်နေတယ်။ ဆိုင်ကယ်တွေ ဆင်းပြီး တွန်းသွားရတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ဦးသန်းရွှေရဲ့နေအိမ်ကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ပထမအကြိမ် ဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024