Home
မြန်မာသတင်း
မိတ္ထီလာ နှင့် သာစည်ထောင်တို့မှ အကျဉ်းသား ၁၅ ဦး ပြန်လွတ်
DVB
·
April 18, 2022
278812395_3844557229016599_5497082283762275216_n

မန္တလေးတိုင်း မိတ္ထီလာနဲ့သာစည် အကျဉ်းထောင်တွေကနေ ဧပြီ ၁၇ ရက်နေ့က အကျဉ်းသား ၁၅ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

မိတ္ထီလာအကျဉ်းဦးစီးဌာနက အမျိုးသား ၁၂ ဦးနဲ့ သာစည်မြို့ ဘုရားငါးဆူအကျဉ်းဦးစီးဌာနက အမျိုးသား ၃ ဦး ပြန်လွှတ်ပေးလိုက်တာလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပုဒ်မ ၅၀၅ တွေ အကြမ်းဖက်ဥပဒေတွေ စတဲ့ ဥပဒေတွေနဲ့ အပြစ်ဒဏ်ကျနေသူ၊ အမှုရင်ဆိုင်နေသူတွေ လွတ်ငြိမ်းခွင့်ထဲ မပါပါဘူး။ ခိုဆိုးနှိုက်တွေလည်း မပါဘူး။ တပ်မတော်အက်ဥပဒေနဲ့ အပြစ်ဒဏ်ကျခံနေရသူ ၁၄ ဦး၊ သာစည်ဘုရားငါးဆူအကျဉ်းဦးစီးက မူးယစ်ဆေးဝါးနဲ့ အပြစ်ဒဏ်ကျနေရသူ ၁ ဦး တို့ လွတ်မြောက်တယ်” လို့ ပြောပါတယ်။

ခရိုင်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးနဲ့ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေက လွတ်ငြိမ်းခွင့်ရရှိသူတွေ သွားလာရမယ့် ခရီးအကွာအဝေးအလိုက် စရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၇ ရက်မှာ စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား ၄၂ ယောက် စုစုပေါင်း ၁၆၁၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024