မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးတွေ ကြွေကြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေ ၃ နာရီဝန်းကျင်ကနေ ညနေ ၅ နာရီဝန်းကျင်အထိ မိုးသီးကြွေ၊ မိုးရွာသွန်းခဲ့တယ်လို့သိရပါတယ်။
မိုးကုတ်မြို့ခံတယောက်က "မိုးတွေလည်းအရမ်းရွာတာ၊ မိုးသီးတွေလည်း လက်မလောက်ရှိတယ်။ လေပြင်းတွေလည်း တိုက်တယ်"လို့ ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် လမ်းဘေးဓာတ်တိုင်တွေနဲ့ သစ်ပင်တချို့လဲကာ လမ်းပိတ်တာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဧပြီ ၁၁ ရက်ကလည်း မိုးကုတ်မြို့မှာ မိုးသီးကြွေကာ မိုးရွာသွန်းမှုကြောင့် နေအိမ်တွေက သွပ်မိုးတွေ ပျက်စီးသွားခဲ့ပါတယ်။