မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ (၁၀) လမ်းပေါ်ရှိ (၉၅) တပ်အနီး အမှတ် (၂) စက်မှုသင်တန်းကျောင်းကို ဧပြီ ၁၇ မနက် ၄ နာရီဝန်းကျင်က ရှော့တိုက်ဒုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
ပစ်လိုက်တဲ့ ရှော့တိုက်ဒုံးဟာ အမှတ် (၂) စက်မှုသင်တန်းကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရှော့တိုက်ဒုံးပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ပုသိမ်ကြီးမြို့နယ် ကျွဲရေကုန်းရွာ နဲ့ အနီးပတ်ဝန်းကျင်ရွာတွေမှာ လိုက်လံရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ ပုသိမ်ကြီးမြို့နယ် နေထိုင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် မနက် ၄ နာရီခွဲဝန်းကျင်ကလည်း တံခွန်တိုင်အနီးက ပလစ (၂) တပ်မှာလည်း ရှော့တိုက်ဒုံးပစ်ခံရပြီး ထိခိုက်ဒဏ်ရာရတာ၊ ပျက်ဆီးဆုံးရှုံးမှု အခြေအနေနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။