Home
သတင်းဓာတ်ပုံ
မုံရွာ- မန္တလေးလမ်းမပေါ် PDF အကာကွယ်ဖြင့် ချီတက်ခဲ့ကြသည့် မုံရွာလူထုသပိတ်စစ်ကြောင်း(ဓာတ်ပုံ)
DVB
·
April 17, 2022
278766691_409541340984301_4727937118833773866_n
278765631_409541520984283_149241376994590348_n
278743257_409541444317624_6409478088265814325_n
278742674_409541147650987_8142666125009903516_n
278742594_409541504317618_1984134707272877516_n
278741765_409541250984310_531045687159029296_n
278736973_409541237650978_2636939787026286587_n
278705855_409541367650965_1543594273457328530_n
278696931_409540864317682_505515115551541134_n
278677428_409541637650938_6762811606009727255_n
278673524_409541564317612_1054583870970358698_n
278598294_409540954317673_8850377193919644202_n

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အကာအကွယ်နဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး မုံရွာ- မန္တလေးလမ်းမကြီးပေါ်မှာ  အင်အားအလုံးအရင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ မြေပေါ်မြေအောက် ဟန်ချက်ညီညီ ထွက်ရှိလာတာဟာ တော်လှန်ရေးရဲ့ အရွေ့တခု၊ အားတခုပဲဖြစ်တယ်။ အခုနောက်ပိုင်းမှလည်း စကစတွေရဲ့နေရာ တော်တော်များများကို PDF တွေကနေပြီး ပစ်ခတ်ခြိမ်းခြောက်လာနိုင်နေပြီ၊ ဆက်လက်ပြီး နေမြေစိုးမိုးမှုတွေ တိုးတက်လာဖို့ပဲရှိတယ်” လို့ သပိတ်ဦးဆောင်သူ ကိုသန်းကျော်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ခါးစည်းခံပြီး ငါတို့ပိုင်တဲ့ ပြည်သူ့နယ်မြေတွေကို ပြန်သိမ်းယူကြမယ်၊ မုံရွာလူထုကြီးအနေနဲ့လည်း ဆက်လက်ပြီး ပူးပေါင်းပါဝင်ပေးကြပါ၊ အရေးတော်ပုံကြီးက အောင်တော့မှာပါ တောင့်ခံပေးထားကြပါလို့လည်း တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024