မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၉၀ နဲ့ လမ်း ၃၀ ရှိ အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးကို ဧပြီ ၁၂ ရက် ည ၈ နာရီလောက်က ဗုံးပစ်ခံရလို့ ယာဉ်ထိန်းရဲ ၂ ယောက် ဒဏ်ရာရသွားပါတယ်။
ဗုံးထိမှန်တာကြောင့် ယာဉ်ထိန်း ဒုရဲအုပ် သက်ထွန်းနောင် မှာ ဘယ်ခြေသလုံးဖောက်ဝင် ဒဏ်ရာ၊ တပ်သား ဇော်ခန့်ဝေမှာ ညာရင်ဘတ်ရှပ်ထိ ဒဏ်ရာ တို့ရရှိခဲ့တယ်လို့ အနီးနားက ဒေသခံတွေထံက သိရပါတယ်။
“ဗုံးပစ်ခံရပြီး မကြာဘူး ။ စစ်ကား Faw ကား နှစ်စီးရောက်လာတယ်။ ယာဉ်ထိန်း နှစ်ယောက်အပြင် အမျိုးသမီးတယောက်လည်း ဒဏ်ရာရတယ်ကြားတယ်။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က ပြောပါတယ်။
မန္တလေးမြို့မှာ ယာဉ်ထိန်းတွေဟာလည်း လက်နက်ကိုင် စစ်တပ်၊ ရဲတွေနဲ့ ပူးပေါင်းပြီး နေရာအနှံ့ စစ်ဆေးရာမှာ ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။