ကနီမြို့နယ်၌ NUG အစိုးရ၏ ကျေးရွာပေါင်းစုံပညာရေးစုံညီပွဲတော်ကျင်းပ (ရုပ်သံ)
DVB
·
April 12, 2022
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နယ်မြေ (၁) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ပူးပေါင်းပြီး ဧပြီ ၁၁ ရက်က ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော် ကျင်းပခဲ့တယ်လို့ ကနီပညာရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို CDM ဆရာ/မတွေနဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ စုဖွဲ့ထားပြီး ကျောင်းနေအရွယ် ကလေးသူငယ်တွေကို ပညာရေး အဆက်မပြတ်စေဖို့ မိဘပြည်သူတွေနဲ့ ပူးပေါင်းပြီး သင်ကြားပေးတာဖြစ်ပါတယ်။