Home
မြန်မာသတင်း
ပုသိမ်မြို့က CDM ရဲတပ်သားတဦး လက်လုပ်မိုင်းစမ်းသပ်ရာမှ ပေါက်ကွဲပြီး ကျဆုံး
DVB
·
April 12, 2022
CDM Policeman Thaw Zin Zoe die
CDM Policeman Thaw Zin Zoe

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဧပြီလ ၁၁ ရက်နေ့က CDM ရဲတပ်သားတဦး လက်လုပ်မိုင်း စမ်းသပ်ရင်း မတော်တဆမှုကြောင့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ CDM ရဲတပ်သားဟာ ပုသိမ်မြို့နယ် သင်္ဘောကျင်းနယ်မြေရဲစခန်းက သော်ဇင်စိုး(ခေါ်) ကောက်ကွေ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လပိုင်းက စတင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM မှာ ပါဝင်လာခဲ့သူလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“သူက တက်ကြွတယ်။ ရဲထဲမှာတော့ သူက စစ်တပ်အာဏာသိမ်းပြီးကတည်းက ထွက်ဖို့လုပ်တာ၊ ၁ လလောက်ကြာတော့ သူ ပျောက်သွားတာ။ မနေ့ကမှ ကျဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့အတူ သူ ပြန်ပေါ်လာတာ၊ စိတ်မကောင်းဘူး။ ခုလို ကျဆုံးသွားတာတော့ ဘက်မတူပေမယ့် အရင်က အတူတူတာဝန်ထမ်းဆောင်ခဲ့တာတွေကို အမှတ်ရနေမှာပါ” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

CDM ရဲတပ်သား သော်ဇင်စိုး ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ပုသိမ်အနောက်ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၁၁ ရက်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့ပြီး ဧရာဝတီတိုင်းထဲက တနေရာမှာ မြေမြှုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ကျဆုံးခဲ့တဲ့ CDM ရဲတပ်သား သော်ဇင်စိုးဟာ ပုသိမ် CDM ရဲတပ်ဖွဲ့ကို ဦးဆောင်သူထဲက တဦးဖြစ်ပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးခဲ့တဲ့ CDM ရဲတပ်သား သော်ဇင်စိုးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဧရာဝတီတိုင်း ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ချောင်းသာကမ်းခြေ သွားတဲ့လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်က ပါဝင်ခဲ့သူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024