မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၁၁ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
"ဒီကနေ့ နေ့လယ်ပိုင်းလောက်စရွာတာဗျ။ အကြမ်းရွာပြီး တိတ်သွားလိုက် ပြန်ရွာလိုက်နဲ့အခု ညနေ ၆ နာရီခွဲလောက်ကနေတော့ အခုထိ ရွာနေတုန်းပဲ လျှပ်စီးတွေ လက်တယ်ဗျာ၊ မိုးတွေလည်း ခြိမ်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေချောင်းနဲ့ နီးတဲ့နေရာနဲ့ တောင်စောင်းကအိမ်တွေ သတိထားကြဖို့လိုတယ်လို့ ဆိုပါတယ်။
မိုးသီးအရွယ်အစား ၁ လက်မဝန်းကျင်ရှိပြီးတော့ ၁၅ မိနစ်လောက် မိုးသီးကျခဲ့တယ်လို့ ဆိုပါတယ်။