တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ၅၅ နှစ်မြောက်နေ့ အခမ်းအနားကို ဧပြီ ၉ ရက် ဒီနေ့မနက်က ALP ဌာနချုပ်အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ရခိုင်ပြည်တွင်းကနေရာတွေမှာ ကျင်းပခဲ့တယ်လို့ ALP တာဝန်ရှိသူတဦးက ပြောပါတယ်။
အခမ်းအနားကို ALP ပါတီဝင်တွေ၊ ပါတီအားထောက်ခံအားပေးသူတွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး ပါတီခေါင်းဆောင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဋ္ဌစောမြရာဇာလင်းနဲ့ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်တို့ ခရီးလွန်နေလို့ အခမ်းအနားကို အွန်လိုင်းကနေ တက်ရောက်ခဲ့ကြပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ၁၉၆၇ ခုနှစ်မှာ အိန္ဒိယနယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလမှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ နောက်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် (အန်စီအေ)မှာလည်း ပါဝင် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။
Photo -ALP