မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ဧပြီ ၆ ရက် မနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ရုံးအပါအဝင် နေရာ ၃ နေရာ ဗုံးပစ်ခံခဲ့ရပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးကို ဧပြီ ၆ ရက် မနက် ၉ နာရီဝန်းကျင်က လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခံခဲ့ရပြီး ဗုံးဟာ ရုံးဝင်းအတွင်း ကျပေမယ့် ပေါက်ကွဲမှုမရှိခဲ့တာကြောင့် ထိခိုက်ပျက်စီးတာတွေလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ပုသိမ်ကြီးမြို့က မြို့နယ်အခွန်ဦးစီးဌာနရုံးအတွင်းမှာလည်း မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပါတယ်။
မန္တလေးမြို့ပတ်လမ်းအရှေ့ဘက်က စည်ပင်သာယာရုံးမှာတော့ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာမရှိဘူးလို့ သိရပါတယ်။
မြို့နယ်မီးသတ်ဦးစီးဌာနရုံး၊ မြို့နယ်အခွန်ဦးစီးဌာနရုံး၊ စည်ပင်သာယာရုံး တို့ကို ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု က ဗုံးခွဲတိုက်ခိုက်တာလို့ ထုတ်ပြန်ထားပါတယ်။